စာစဉ်(၂) 16-30
ရှေးဟောင်းမြင့်မြတ်ခန္ဓာမှစတင်၍ (ကျွင်းရှောင်ယောက်) မူရင်း စာစဉ်အမည် ; Scoring the Sacred Body of the Ancients from the Get-go မူရင်း စာရေးသူ ; God j ဘာသာပြန် ; နတ္တိ အခန်း ( ၁၆ ) ဖီးနစ်တိုင်းပြည်သစ္စာခံခြင်း၊ အဓိကဇာတ်ကောင် ရှောင်ချန်းလာပြီတဲ့ဟေ့ ဖီးနစ်ရှေးဟောင်းတိုင်းပြည်၏ တော်ဝင်နန်းတော်အတွင်းရှိ ခန်းမထဲတွင်... ဖီးနစ်ဘုရင်က အိပ်ရာပေါ်တွင် လဲလျောင်းနေကာ မှော်ဆေးပညာရှင်များစွာလည်း ဘေးတွင် ရပ်နေသည်။ သို့သော် ဖီးနစ်ဘုရင်ခံစားနေရသော ရောဂါ ဝေဒနာကို မည်သူမျှ မကုသနိုင်ပေ။ ဖီးနစ်ဘုရင်၏ ရောဂါဟာ နဂါးတိုင်းပြည်ဘုရင်နှင့် လျှို့ဝှက်နယ်မြေတစ်ခုကို စူးစမ်းရှာဖွေနေချိန်တွင် သူတော်စင်အဆင့် ကျားရှာမြွေတစ်ကောင် အကိုက်ခံခဲ့ရခြင်းဖြစ်သည်။ ကျားရှာနတ်ဆိုးမြွေအဆိပ်ဟာ သူတော်စင်များပင်လျှင် ခုခံရန်အခက်အခဲရှိ၏။ ဖီးနစ်ဘုရင်က သူတော်စင်တစ်ပိုင်းဖြစ်သော်လည်း မြွေဆိပ်က တဖြည်းဖြည်း တိုက်စားလာခဲ့ချေပြီ။ လူတစ်ယောက်က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။ "ကျုပ်တို့ အခုဘာလုပ်သင့်လဲ..။ မင်းသမီးကတော့ ကျွင်းမိသားစုကို သွားရောက်နေခဲ့ပြီ... ဒါပေမဲ့ အင်မော်တယ်ဆေး မရရုံသာမကဘဲ အရှက်ကွဲနေခဲ့ရပြီ" ...