အကျဉ်းချုပ်

ရှေးဟောင်းမြင့်မြတ်ခန္ဓာမှ စတင်၍

မူရင်း စာစဉ်အမည် ; Scoring the Sacred Body of the Ancients from the Get-go
မူရင်း စာရေးသူ ; God J
အမျိုးအစား ; ကျင့်ကြံခြင်း၊ စိတ်ကူးယဉ်၊ သိုင်းပညာ၊ opmc၊ ရှန်းရှ
ဘာသာပြန် ; နိုင်လင်းအောင်

ဇာတ်ညွှန်း

အဟမ်း အဟမ်း၊ 
စာရှုသူ ရောင်းရင်းတို့အားလုံးပဲ မင်္ဂလာပါဗျ။ အားလုံးပဲ op mc ကိုကြိုက်ပါသလား၊ Op နောက်ခံကို ကြိုက်ပါသလား၊ အဖေအားကိုးနဲ့ ကြမ်းချင်သလား၊ အကို အားကိုးနဲ့ ကြမ်းချင်သလား၊ တမျိုးလုံး တဆွေလုံးကြမ်းနေတာကို ကြိုက်သလား၊ စနစ်ကလေးရော မလိုချင်ဘူးလား။ မောင်ရုပ်ဆိုးဖြစ်နေလို့ ချောမောခန့်ညားတဲ့ ရုပ်သွင်ရှိသူကို မြင်ယောင်ကြည့်ချင်ပါသလား။

ဒါဆိုရင်တော့ ဒီစာစဉ်ကို ဖတ်ရှုကြဖို့ အကြံပေးချင်ပါတယ်။ 

ဒါက ဘဝတစ်ခုမှ ဘဝတစ်ခုကို ကူးပြောင်းလာပြီးနောက် အံ့မခန်းနောက်ခံ၊ ပါရမီ၊ စနစ်တစ်ခုနဲ့ ရှယ်လန်းမဲ့ ကျွင်းရှောင်ယောက်ဆိုတဲ့ သခင်လေးတစ်ယောက်အကြောင်းကို ရေးသားထားပါ။ ဒီစာစဉ်ကို ဖတ်ပြီးတဲ့အခါ သခင်လေးတွေ ဘာကြောင့် မာနထောင်လွှားရတယ်ဆိုတာကိုပါ သိသွားရပါလိမ့်မယ်။

ပြောရရင် မောင်ကျွင်းရှောင်ဆိုတာက ရွှေဇွန်းကိုက်ပြီး မွေးဖွားလာတဲ့သူ။ သူ့ကို သူ့ကမ္ဘာမှာ အသန်မာဆုံး မိသားစုမှာ မွေးဖွားခဲ့တယ်။ အဖေဘက်ကိုကြည့်မလား၊ အမေဘက်ကိုကြည့်မလား၊ ဘယ်ဘက်ကိုကြည့်ကြည့် အားနည်းမှုမရှိဘူး။ 

မိသားစုက သန်မာလို့ သွေးကြောဘာညာသရကာ ပျက်ဆီး‌နေတဲ့ အမှိုက်သခင်လေးအဖြစ် မွေးဖွားလာမယ် ထင်နေသလား။ ဝေးပါသေးတယ်။ သူက မွေးဖွားလာကတည်းက အသန်မာဆုံး တာအိုခန္ဓာ၊ ပြိုင်ဘက်ကင်းတဲ့ ပါရမီတို့နဲ့ မွေးဖွားလာတာ။ 

ဒီလိုချမ်းသာပြီး ပါရမီရှိတာကို နတ်သားလေးလို အသေချောမောတဲ့ ရူပကာနဲ့ အရမ်းလန်းတဲ့ စနစ်တစ်ခုလည်း ပါသေးတယ်ဗျာ။ တချို့ စာဖတ်သူရောင်းရင်းတွေကတော့ ပညာရအောင် စော်‌တွေကို တော်ကီနဲ့ ချုပ်စေချင်ကြတယ်။ ဒါပေမဲ့ သူက တော်ကီအစား ရူပါနဲ့ချုပ်တာဗျ၊ သူ့ရုပ်ရည်က ယောင်္ကျားချင်းတောင် မနာလိုစေနိုင်တာမျိုး။

အဲ့လိုတွေ ကိုယ်တိုင်ကလည်း အရမ်းကြမ်းပြီး
ဘိုးဘေးတွေကပါ အလိုလိုက်ခံထားရလို့
လိုတရနေတဲ့ဘ၀မှာ
Mc လို" ဘာလို"ကောင်တွေပေါ်လာရင်လည်း
ဒီဇာတ်လမ်းမှာ သူသာလျှင် Mc ဖြစ်ကြောင်းပြောကာ
နှိမ်နင်းဦးမယ့် သခင်ကြီးရှောင်ယောက်ကိုမြင်ရမှာပါ။

ရုပ်ချောလို့ မြာပွေမယ်တော့ မထင်ပါနဲ့၊ လာကပ်တဲ့ ကောင်မလေးတွေတောင် သူ့အကျိုးအမြတ်ရှိရင် သာမန်အနေအထားနဲ့လက်ခံတယ်၊ အကျိုးအမြတ်မရှိတော့ ဘာကြီးဖြစ်နေနေ ဒိုးပဲ။

သူ့ရဲ့စရိုက်ကို ပြောရရင်တော့ ရက်စက်သင့်တာ ရက်စက်တယ်၊ ပြတ်သားသင့်တဲ့အခါ ပြတ်သားတယ်၊ မိန်းမလှလေးဆိုပြီး ညှာမယ်မထင်နဲ့ ဆော်လွှတ်လိုက်မှာ တအား(ရိုက်တာ၊ပုတ်တာ၊ တိုက်ခိုက်တာပါအဟဲ)

ကလိန်ကကျစ်ကျတယ်၊ ရိုက်စားလုပ်တယ်၊ အဓိကဇာတ်ကောင်ဆိုသူတွေကို ကြိုးရှည်ရှည်နဲ့လှန်ပြီး ရှယ်ကြိတ်တယ်။ သူ့ကိုထိခိုက်အောင်လုပ်မယ်ဆိုရင် မိသားစုထဲကလူသော‌ဘာသောမထားဘူး။ 

သူ့ရဲ့ လက်သုံး စကားကတော့ "ငါ့ကိုဦးညွတ်ရင် တိုးတက်မယ်၊ ငါ့ကိုဆန့်ကျင်ရင် ကျဆုံးမယ်၊ သေမယ်"တဲ့။

ဆိုတော့...
ကျွင်းရှောက်ယောက်တစ်ယောက်ပါရမီရှင်တွေကိုဖိနှိပ်ပြီး
ဘယ်လိုတွေကြမ်းပြဦးမလဲ သိချင်ရင်တော့ ကိုယ်တိုင် လိုက်ပါခံစားရင်းသာ အဖြေရှာကြည့်ကြပါစို့ဗျာ။

.…………

အကျဉ်းချုပ်....

ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။

သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြိုင်ဘက်ကင်းပါရမီရှိတဲ့အပြင် ဆိုင်းအင် စနစ်တစ်ခုလည်း ပါလာခဲ့ပါသေးတယ်..။ နောက်ပြီး သူ့ဘဝသစ်ရဲ့ အစကတည်းက ပြီးပြည့်စုံတဲ့ ရှေးဟောင်း မြင့်မြတ်ခန္ဓာတစ်ခုကို ရရှိလာခဲ့တာပါ..။ 

သူဟာ တိုင်ယွဲ့ကျောက်စာတိုင်ဟောင်းတစ်ခုမှာ ဆိုင်းအင်ဝင်ရောက်ပြီး ကြယ်ခြောက်ပွင့်ဆုလာဘ်၊ နတ်ဆင်အနှိုင်းမဲ့အင်အားကို ရရှိခဲ့တယ်။

သူဟာ သူ့ရဲ့ ဆယ်နှစ်ပြည့်‌မွေးနေ့မှာ ဆိုင်းအင်ဝင်ရောက်ပြီး ကြယ်ခုနစ်ပွင့်ဆုလာဘ်၊ အနှိုင်းမဲ့အရိုးကို ရရှိခဲ့တယ်။

သူဟာ ဆန်းကျယ်ကြေးခန်းမမှာ ဆိုင်းအင်ဝင်ရောက်ပြီး ကြယ်ရှစ်ပွင့်ဆုလာဘ်၊ သက်ရှိအားလုံး၏မိခင်ချီ ဒယ်စောက်အိုးကို ရရှိခဲ့တယ်။

သူဟာ အဆုံးမဲ့ပင်လယ်မှာ ဆိုင်းအင်ဝင်ပြီး ကြယ်ဆယ်ပွင့်ဆုလာဘ်၊ အဆုံးမဲ့ပေါင်းစည်းခြင်း မဟာနည်းလမ်းကို ရရှိခဲ့တယ်။

ဒီလိုနဲ့ နှစ်ပေါင်းပရိစ္ဆေဒ ကြာမြင့်သွားပြီးနောက်မှာတော့ တိမ်တိုက်တွေပေါ်မှာထိုင်ပြီး ကောင်းကင်ကို ဓားနဲ့ရွယ်ကာ ပြောလိုက်ပါတော့တယ်။
"မိုးကောင်းကင်နဲ့ မြေကမ္ဘာကို ငါသာလျှင် အုပ်ချုပ်မယ်... အဆုံးမဲ့လမ်းရဲ့ အဆုံးသတ်မှာ ငါသာလျှင် အမြင့်ဆုံးဖြစ်ရမယ်

(အမှိုက်မဟုတ်ဘူး၊ ခွေးမကိုက်နိုင်ဘူး။ ဒါဟာ ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက်ရဲ့ ဘဝဇာတ်လမ်းတစ်ပုဒ်။)

Comments

Popular posts from this blog

စာစဉ်(၂) 16-30

စာစဉ် ( ၁ ) 1-15